ဝီကီပီးဒီးယား:ဘာသာပြန်ခြင်း

ဝီကီပီးဒီးယား မှ

အကြောင်းအရာတစ်ခုကို အခြားသော ဘာသာစကားများဖြင့် ရေးသားထားသည့် ဆောင်းပါးများသည် သီးခြားလွတ်လပ်စွာ ရေးသားထားခြင်း ဖြစ်ပြီး ဘာသာပြန်ရာတွင် မူရင်းရေးသားပုံ၊ အကြောင်းအရာများနှင့် နီးစပ်စွာ ရေးသားရန် မလိုအပ်ချေ။ ဆောင်းပါး၏ အစိတ်အပိုင်းအချို့သည် အတည်မပြုနိုင်ခြင်း၊ အရည်အသွေးညံ့ဖျင်းခြင်းများ ရှိလာပါက သင်၏ ဆင်ခြင်တုံတရားကို အသုံးပြုကာ အဆိုပါအစိတ်အပိုင်းများအား ဘာသာမပြန်ပါနှင့်။

ဘာသာပြန်ထားသော ဆောင်းပါးအသစ်သည် မူရင်းဆောင်းပါးကို ဖော်ပြညွှန်းဆိုထားရမည် ဖြစ်သည်။ ထိုသို့ဖော်ပြရန်အတွက် အောက်ပါနည်းလမ်းများကို အသုံးပြုရန် အကြံပြုထားပါသည်။

  • (က) ဆောင်းပါး၏ ပထမဆုံးသော တည်းဖြတ်မှု အကျဉ်းချုပ်တွင် မူရင်းဘာသာစကား ဆောင်းပါးကို interlanguage link အသုံးပြု၍ ဖော်ပြကာ ဘာသာပြန်ထားကြောင်း ထည့်သွင်းရေးသားပါ။ ဥပမာ။ Content in this edit is translated from the existing French Wikipedia article at [[:fr:Exact name of French article]]; see its history for attribution.
  • (ခ) {{Translated page}} တမ်းပလိတ်ကို ဘာသာပြန်ထားသော ဆောင်းပါး၏ ဆွေးနွေးချက် စာမျက်နှာတွင် ထည့်သွင်းပါ။


မူရင်း ရေးသားပုံစတိုင်၏ များစွာလွှမ်းမိုးရေးသားခြင်းအား ရှောင်ရှားပါ။

အသုံးပြုသော မြန်မာဘာသာစကားသည် ဖတ်ရှုသူများ အလွယ်တကူ နားလည်နိုင်သော ရေးသားပုံ ဖြစ်ရန် လိုအပ်သလို မြန်မာဘာသာစကားပြောဆိုသည့် ဖတ်ရှုသူများအနေဖြင့် ရင်းနှီးကျွမ်းဝင်မှု မရှိသော ဝေါဟာရများ၊ အသုံးအနှုန်းများကို ရှင်းလင်းဖွင့်ဆိုချက်များ ထည့်သွင်းရေးသားပေးရန် လိုအပ်သည်။

Content Translation ကိရိယာ[ပြင်ဆင်ရန်]

Content Translation အသုံးပြုပုံ လမ်းညွှန်

ဘာသာပြန် ကိရိယာကို အသုံးပြုခြင်းက ဘာသာပြန်ခြင်း လုပ်ငန်းစဉ်ကို ကူညီပေးနိုင်ပါလိမ့်မည်။ လတ်တလောတွင် အဆိုပါ ကိရိယာအား အလိုအလျောက် အတည်ပြုထားသော တည်းဖြတ်သူများ (ရက် ၃၀ အတွင်း အနည်းဆုံး တည်းဖြတ်ကြိမ်ရေ ၅၀၀ ရှိထားသူ) သာ အသုံးပြုနိုင်ရန် ကန့်သတ်ထားသည်။ နောက်ထပ် အချက်အလက်များအတွက် Wikipedia:Content translation toolကို ကြည့်ရှုပါ။

စက်ကိရိယာသုံး အလိုအလျောက် ဘာသာပြန်ခြင်းအား ရှောင်ကြဉ်ပါ[ပြင်ဆင်ရန်]

ဘာသာပြန်ခြင်းက အလုပ်ဖြစ်ပါသည်။ စက်ကိရိယာသုံး အလိုအလျောက် ဘာသာပြန်ခြင်းက အရည်အသွေးညံ့ဖျင်းသော ရလဒ်များကိုသာ အမြဲတမ်း ရရှိလေ့ရှိသည်။ သီးခြား စကားလုံးများ သို့မဟုတ် စာပေအသုံးအနှုန်းများ၊ ဘန်းစကားများ၊ အီဒီယမ်များ၊ သံတူကြောင်းကွဲ ဝေါဟာရများ၊ အဓိပ္ပာယ်တစ်မျိုးထက်ပိုသော ဝေါဟာရများ အစရှိသော ဝေါဟာရများကို စက်ကိရိယာသုံး အလိုအလျောက် ဘာသာပြန်ခြင်းဖြင့် ဘာသာပြန်ရာတွင် အခက်အခဲများ တွေ့နိုင်ပြီးသည်။ ဝီကီပီးဒီးယား၏ အများသဘောဆန္ဒမှာ ပြင်ဆင်ထားခြင်း မရှိသော စက်ကိရိယာသုံး အလိုအလျောက် ဘာသာပြန်ခြင်းကို ဝီကီပီးဒီးယား ဆောင်းပါးအနေဖြင့် ထားရှိခြင်းသည် ဘာမျှမရှိသည်ထက် ဆိုးဝါးသည်

ကိုးကားများ ပါဝင်ပါစေ[ပြင်ဆင်ရန်]

မူရင်းဆောင်းပါးတွင် အသုံးပြုထားသော တူညီသည့် ကိုးကားရင်းမြစ်များသည် ဆီလျော်မှုရှိပါက ပြန်လည်ထည့်သွင်းအသုံးပြုပါ။ ဥပမာ မူရင်းဆောင်းပါးရှိ စာသားအချို့ကို သင့်အနေဖြင့် ဆီလျော်မှုမရှိဟု ယူဆ၍ ဘာသာမပြန်ပါက ဆက်စပ်သော ကိုးကားများကို ချန်ထားခဲ့ပါ သို့မဟုတ် ဆီလျော်စွာထောက်ပံ့ပေးနိုင်သော ဆောင်းပါးထဲရှိ အခြားစာသားများအတွက် အသုံးပြုပါ။ (ကိုးကား ရင်းမြစ်များသည် အဖိုးတန်ပါသည်။)

အခြားဘာသာစကားဖြင့် ရှိနေသော ကိုးကားများနှင့် ဆီလျော်တူညီသော မြန်မာဘာသာစကား ရင်းမြစ်များကို စစ်ဆေးရှာဖွေကြည့်ခြင်းဖြင့် ဖတ်ရှုသူများအနေဖြင့် အချက်အလက်များကို အလွယ်တကူ အတည်ပြုနိုင်စေသည်။ ကိုးကားတွေ့ရှိပါက အခြားဘာသာစကား ကိုးကားရင်းမြစ်အား ထည့်သွင်းရန် မလိုပါ။

ဆောင်းပါးများ အားလုံးသည် မြန်မာ ဝီကီပီးဒီးယား၏ ဝီကီပီးဒီးယား:စိစစ်အတည်ပြုခံနိုင်မှု အပါအဝင် မူဝါဒများနှင့် လမ်းညွှန်ချက်များနှင့် ကိုက်ညီရမည်။